- တာက်အထူးစီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနယ်မြေရုံး
တာက်အထူးစီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနယ်မြေရုံး
တာက်အထူးစီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနယ်မြေရုံး ၊ စတုတ္ထထပ်၊ အာရှလမ်းမကြီး { မဲဆောက် - မေရ်မြစ် ( သောင်ရင်းမြစ်)ဘေး} တာက်ခရိုင်၊ မဲဆောက်မြို့နယ်၊မဲဆောက်မြို့တော် စည်ပင်သာယာရေးနယ်မြေ
ဗုဒ္ဓသက္ကရာဇ် ၂၅၅၇ခုနှစ်အတွင်း ဒုတိယအကြိမ်မြောက်ကျင်းပသည့် နိုဝင်ဘာလ(၁၇)ရက် အထူး စီးပွားရေးနယ်မြေမူဝါဒရေးရာကော်မတီအဖွဲ့အစည်းအဝေးမှ ဆုံးဖြတ်သည့်အတိုင်း နယ်စပ်နယ်မြေ ခရိုင်(၅) နယ်မြေအတွင်း နယ်မြေများတွင် ပုဂ္ဂလိကပိုင်းနှင့် နယ်မြေဒေသပိုင်း အုပ်ချုပ်မှုအဖွဲ့အစည်းများကို ရင်းနှီးမြှုပ်နှံ မှုပံ့ပိုးပေးရေးကော်မတီအဖွဲ့နှင့် ပူးပေါင်းပြီး ရည်မှန်းချက်ကို ပူးပေါင်းလုပ်ဆောင်ကြရန် တာဝန်ပေးအပ်ခဲ့ပါ သည်။သို့အတွက်ကြောင့် ရှေ့ပိုင်းတွင်ပြောခဲ့သလို လုပ်ငန်းစဉ်များလုပ်ဆောင်နိုင်ရန် ပြင်ဆင်နိုင်ဖို့အတွက် “တာက်အထူးစီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနယ်မြေရုံး” ကိုတည်ထောင်ရန်ကြေညာခဲ့ပါသည်။ ဗုဒ္ဓသက္ကရာဇ် ၂၅၅၈ ခုနှစ် ဇန်နဝါရီလ (၂၇)ရက်၊ အင်္ဂါနေ့တွင် တာက်ခရိုင်၊ မဲဆောက်မြို့နယ်၊ မဲဆောက်ရပ်ကွက်၊ အာရှလမ်းမကြီး { မဲဆောက် - မေရ်မြစ် ( သောင်ရင်းမြစ်)ဘေး} စတုတ္ထထပ်တွင် တာက်အထူးစီးပွားရေးဖွံ့ဖြိုး တိုးတက်မှု နယ်မြေရုံးကို အခမ်းအနားဖြင့် ဖွင့်လှစ်ခဲ့ပါသည်။
တာက်အထူးစီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနယ်မြေရုံးအတွင်းတွင်
(၁) တာက်အထူးစီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနယ်မြေအတွင်း လုပ်ငန်းစဉ်များဆက်သွယ်ဆောင်ရွက်ခြင်း၊ ကုန်သွယ်ရေးဆိုင်ရာရင်းနှီးမြှုပ်နှံခြင်း အချက်အလက်များကိုပေးပို့ခြင်းနှင့် ကုန်စည်ကူးသန်းရောင်းဝယ်ရေး ဝန် ဆောင်မှုဗဟိုဌာနဖြစ်ဖို့အတွက် ရင်းနှီးမြှုပ်နှံခြင်းဆိုင်ရာနေ့ချင်းပြီး ဝန်ဆောင်မှုဗဟိုဌာန၊(One Stop Service :OSS)
(၂) တာက်အထူးစီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနယ်မြေအတွင်း ကျွမ်းကျင်သောထိုင်းအလုပ်သမားများနှင့် ရွှေ့ပြောင်းအလုပ်သမားများအားသင်တန်းပေးခြင်းနှင့် ရွှေ့ပြောင်းအလုပ်သမားများမှတ်ပုံတင်ခြင်း၊ အလုပ်သမား ရေးရာနှင့် ပတ်သက်သောလုပ်ငန်းကိစ္စအဝဝကို ဝန်ဆောင်ပေးဖို့အတွက် အလုပ်သမားဆိုင်ရာ ကျန်းမာရေးနှင့် ရေရှည်တည်တန့်ခိုင်မြဲရေးဆိုင်ရာနေ့ချင်းပြီးဝန်ဆောင်မှုဗဟိုဌာန။
(၃) မြဝတီမြို့နှင့် မဲဆောက်မြို့အကြား ချစ်ကြည်ရေး မောင်နှမမြို့တော်(Sister city)တည်ဆောက်ရေး နှင့် ပူးပေါင်းဆက်သွယ်ရေးရုံးအဖြစ် အသုံးပြုရန်အတွက်မြဝတီမြို့နှင့် မဲဆောက်မြို့အကြား ချစ်ကြည်ရေး မောင်နှမမြို့တော်တည်ထောင်ရေးဗဟိုဌာန။
တို့ရှိပြီး ရင်းနှီးမြှုပ်နှံရေးသမားများနှင့် စိတ်ဝင်စားသူများအား သတင်းအချက်အလက်အသီးသီးနှင့် ပွဲ သဘင်အခမ်းအနားအစီအစဉ်ရေးရာအပိုင်းများတွင် အဆင်ပြေစွာညွှန်ကြားနိုင်ဖို့အတွက် လုပ်ငန်းဆိုင်ရာ အကောင်အထည်ဖော်ရေးနှင့် ပတ်သက်သောဌာနအသီးသီးနှင့် မဲဆောက်စည်ပင်သာယာ တာက်ခရိုင်ရုံးမှ တာဝန်ရှိသူမှ လုပ်ကိုင်ဆောင်ရွက်သတ်မှတ်ပေးပါသည်။