- စီမံကိန်း
စီမံကိန်း
တာက်ခရိုင် နယ်စပ်အထူးစီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနယ်မြေဖြစ်စေရန် အသင့်အနေအထားဖြစ်စေဖို့ စီမံကိန်းဖြစ်သည်။
၁။အရေးပေါ်စီမံကိန်း
၁။သယ်ယူပို့ဆောင်ရေးပိုင်းဆိုင်ရာ အခြေခံတည်ဆောက်မှု ကြိုတင်ပြင်ဆင်ခြင်း
ဗုဒ္ဓသက္ကရာဇ် ၂၅၅၇ ခုနှစ်၊ သြဂုတ်လ (၂၀)ရက်နေ့ သယ်ယူပို့ဆောင်ရေးဝန်ကြီး ဌာန၌ သယ်ယူပို့ဆောင်ရေး ဒုတိယဝန်ကြီးမှ ဥက္ကဋ္ဌအဖြစ်ဆောင်ရွက်ခဲ့သော အထူးစီးပွားရေးနယ်မြေမူဝါဒ ကော်မတီအဖွဲ့အောက်ရှိ အကောက်ခွန်ဦးစီးဌာနနှင့် အခြေခံတည်ဆောက်ရေးဆပ်ကော်မတီအဖွဲ့ အစည်း အဝေးတွင် နယ်စပ်အထူးစီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနယ်မြေအခြေခံတည်ဆောက်ခြင်းအပိုင်းများတွင် တိုးတက် ဖွံ့ဖြိုးစေဖို့ ဘတ်ဂျတ်နှင့် စီမံကိန်းများကို အောက်ပါအတိုင်း ခွင့်ပြုပေးခဲ့ပါသည်။
(၁) မဲဆောက်မြို့ အကောက်ခွန်ဦးစီးဌာနတည်ဆောက်ခြင်းအပါအဝင် အကောက်ခွန်ဦးစီးဌာန အခြေခံတည်ဆောက်ခြင်း စီမံကိန်း (၁၀)ခု အတွက် ဘတ် ၅,၁၄၆.၈၄ သန်းနှင့် ဗုဒ္ဓသက္ကရာဇ် ၂၅၅၇ - ၂၅၆၄ အတွင်း သယ်ယူပို့ဆောင်ရေး အခြေခံတည်ဆောက်ခြင်း စီမံကိန်းအခု (၄၀) အတွက် ဘတ် ၁၂၀,၂၉၄. ၉၄ သန်းကို အဆိုပါနေရာ နှစ်ခုအတွက် ချထားပေးခဲ့ပါသည်။
(၂)တာက်ခရိုင်သယ်ယူပို့ဆောင်ရေးအခြေခံတည်ဆောက်ခြင်းစီမံကိန်းအတွက် ဘတ် ၉,၀၉၇ သန်း ချထားပေးခဲ့ပါသည်။
၂။နယ်စပ်အထူးစီးပွားရေးနယ်မြေတည်ဆောက်ရေးတွင် အထောက်အပံ့ဖြစ်စေဖို့ ရေစခန်းများကို ရှာဖွေဖော်ထုတ်လုပ်ကိုင်ခြင်း။
တာက်ခရိုင်၊မဲဆောက်မြို့နယ်ပြည်သူများအနေနှင့် နှစ်စဉ်မိုးခေါင်ခြင်းသာမက ရေကြီးခြင်း အခက်အခဲ၊အကျပ်အတည်းပြဿနာများကို ကြုံတွေ့နေရသည်။ခြောက်သွေ့သောဥတုများတွင် မဲ့ကုရပ်ကွက်၊ မဲ့တောင်ရပ်ကွက်နှင့် ဖရာ့ထာ့ဖာဒယ်(င်)ရပ်ကွက်များတွင် စိုက်ပျိုးရေးလုပ်ရန်အတွက် ရေပြတ်လပ်ခြင်းပြဿနာများကို ကြုံတွေ့ရသည်။ မိုးဥတုအချိန်တွင် မဲဆောက်မြို့နယ် စည်ပင်သာယာနယ်မြေအတွင်းတွင် ရေကြီးခြင်းပြဿနာများကို ကြုံတွေ့ကြရသည်။ စီးပွားရေးလမ်းကြောင်း တိုးတက်ဖွံ့ဖြိုးရေးအတွက် ရှိနေသည့် ရေပေးဝေရေးစခန်းများမှာလည်း လုံလောက်ပြည့်စုံမှု မရှိသေးပါ။ သို့အတွက်ကြောင့် ရေထိန်းသိမ်းရေးစခန်း တည်ဆောက်ခြင်းဆိုင်ရာအပိုင်းသည် မလုပ်မဖြစ်အရေးကြီးသည့် လုပ်ငန်းတစ်ရပ်ဖြစ်လာပါသည်။ ထို့ကြောင့် ဗုဒ္ဓသက္ကရာဇ် ၂၅၂၅ ခုနှစ်၊ဇန်နဝါရီလ၂၉ ရက်နေ့မှာ လက်ရှိသစ်တောဦးစီးဌာန သုံးသပ်ဆုံးဖြတ်ချက်အတိုင်း တောစိုက်ပျိုးရေးဘတ်ဂျက်ငွေ ထူထောင်ရန်နှင့် မဲဆောက်အပေါ်ပိုင်း ရေထိန်းသိမ်းရေးစခန်းတည်ဆောက် ရန် နိုင်ငံတော် မဲဆောက်သစ်တောထိန်းသိမ်းရေးနယ်မြေအတွင်း အကျိုးဖြစ်စေဖို့ သစ်တောဦးစီးဌာနဆီသို့ တင်ပြခဲ့ပြီး ဆည်မြောင်းဦးစီးဌာနအနေဖြင့် ၁,၀၆၈ယာမြေ၊တာက်ခရိုင်၊မဲဆောက်မြို့နယ်၊ ဖရာ့ထာ့ ဖာဒယ်(င်) ရပ်ကွက်၊ခွန်ဟော့ရေ့ မဲဆောက်ရွာ၊ ကျေးရွာအုပ်စု (၆)နယ်မြေအတွင်းရှိ ဆည်မြောင်းမြေဧရိယာအရေ အတွက် ၆,၇၄၀ ယာမြေထပ်တိုးပြီး၁၃.၃၀သန်းအကျယ်မီတာရရှိခဲ့ပါသည်။
၂။ကာလတို၊ကာလရှည်စီမံကိန်း
(၁)နယ်စပ်အထူးစီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနယ်မြေအဖြစ်တည်ဆောက်ရန် ပံ့ပိုးပေးခြင်းအတွက် မြေနေရာရှာဖွေဖော်ထုတ်ဆောင်ရွက်ခြင်း
ဗုဒ္ဓသက္ကရာဇ် ၂၅၂၅ခုနှစ် ဖေဖော်ဝါရီလ(၉)ရက် ဝန်ကြီးဌာန၏ ဆုံးဖြတ်ချက်အတိုင်း မဲဆောက်တောမြေကို အကျိုးရှိစေဖို့ ယာမြေ ၅,၆၀၃- ၀- ၅၆ ကို ဖော်ထုတ်ခဲ့ပါသည်။ ဗုဒ္ဓသက္ကရာဇ် ၂၅၅၇ ခုနှစ်၊ ပထမအကြိမ်၊ တာက်ခရိုင်၊ မြေယာတိုးတက်မှုဆပ်ကော်မတီ၏ သုံးသပ်ချက်အကျိုးဆက်အဖြစ် နယ်စပ် ဒေသအထူးစီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနယ်မြေရှေ့ဆက်ပြီး အခြေတည်တံ့ဖို့၊ အခြားသောအပိုင်းကဏ္ဍအသီးသီး မှာ အကျိုးရှိအောင်အသုံးချဖို့နှင့် မေရ်မြစ်(သောင်ရင်းမြစ်)ကို ဖြတ်သန်းသောတံတားတည်ဆောက်ရေးမြေနေ ရာနှစ်ခုမှာ ဆက်သွယ်ချိတ်ဆက်နိုင်ရန် ပြင်ဆင်ထားမှု၊ စက်မှုဇုန်၊ ထောက်ပံ့ရေးဗဟိုဌာန၊ကုန်ပစ္စည်း သိုလှောင်ရုံများ၊ နေ့ချင်းပြီး ဝန်ဆောင်မှုဗဟိုဌာန ( One Stop Service) တို့ကို လျင်မြန်စွာ လုပ်ဆောင်သွားမှာ ဖြစ်ပါသည်။
(၂) မေရ်မြစ်(သောင်ရင်းမြစ်)ကို ဖြတ်သန်းသည့်တံတားတည်ဆောက်ရေးနေရာ နှစ်နေရာ ပြင်ဆင် ချိတ်ဆက်ခြင်း စီမံကိန်းနှင့် နေ့ချင်းပြီး ဝန်ဆောင်မှုဗဟိုဌာန ( One Stop Service)
တာက်ခရိုင်၊ မဲဆောက်မြို့နယ်၊ ထာ့ဆိုင်လုဝပ်ရပ်ကွက်၊ဝန်တခီရန်ရွာတည်ရှိသည့်နေရာမေရ်မြစ်(သောင်ရင်းမြစ်)ကို ဖြတ်သန်းသောတံတားတည်ဆောက်ရေးမြေနေရာနှစ်ခုမှာ ဆက်သွယ်ချိတ်ဆက် နိုင်ရန် ပြင်ဆင်ထားသည့်နေရာသည် အထူးသင့်တော်သည့်လမ်းကြောင်းအဖြစ် ရွေးချယ်ထားခြင်းဖြစ်ပြီး ဗုဒ္ဓသက္ကရာဇ် ၂၅၅၉ - ၂၅၆၀ ဘဏ္ဍာနှစ်အတွင်း ဘတ်ငွေ ၂၂,၀၀၀ သန်းကို လုပ်ငန်းစဉ်များပြင်ဆင်ဖို့ လျာထားသတ်မှတ်ထားပြီး အသေးစိတ်ပုံစံငယ်ထုတ်လုပ်ရန် ဆောင်ရွက်နေပါသည်။
(၃) အိမ်နီးချင်းနိုင်ငံများနှင့် ဆက်သွယ်ချိတ်ဆက်ရန် မဲဆောက်လေယာဉ်ကွင်းကို တိုးချဲ့ခြင်း
လေကြောင်းပျံသန်းမှုဦးစီးဌာနအနေဖြင့် မဲဆောက်လေယာဉ်ကွင်း ပြုပြင်တိုးချဲ့ရေးစီမံကိန်း ဘတ်ဂျတ်ငွေ ဘတ် ၈၄၀သန်းကို လက်ခံရရှိခဲ့ပါသည်။ဗုဒ္ဓသက္ကရာဇ် ၂၅၅၉ - ၂၅၆၁ဘဏ္ဍာနှစ်အတွင်း မဲဆောက်လေယာဉ်ကွင်းပြေးလမ်းကြောင်း တိုးချဲ့ပြုပြင်ရေးအဖြစ် မြေအကျယ်(၃၀) မီတာ၊ အရှည် (၁,၅၀၀) ပြေးလမ်းအကျယ် ၄၅မီတာ၊ အရှည်(၂,၁၀၀)၊ အရှေ့ဘက် အဆင်းအတက်လေကြောင်းအန္တရာယ်ကင်းစေရန် အတွက် ဘတ်ငွေ ၁,၀၇၃.၅၂သန်း လျာထားပါသည်။
(၄) မဲဆောက်မြို့နယ်အတွင်း သယ်ယူပို့ဆောင်ရေးလမ်းကြောင်း ဖွံ့ဖြိုးတိုးတက်မှု
နယ်စပ်အထူးစီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနယ်မြေအတွင်း ပိုမိုအဆင်ပြေချောမွေ့ရန်အတွက် သယ်ယူပို့ဆောင်ရေးလမ်းကြောင်းချိတ်ဆက်ဖို့ မဲဆောက်မြို့ပတ်ပတ်လည်လမ်းကြောင်းများ ပြုပြင်ခြင်းနှင့် သယ်ယူပို့ဆောင်ရေးလမ်းကြောင်းတိုးချဲ့ခြင်း စီမံကိန်းအတွက် ဗုဒ္ဓသက္ကရာဇ်၂၅၅၈ခုနှစ်တွင် အချိန်မီလုပ်ငန်း စဉ်များ ဆောင်ရွက်နိုင်အောင် ဘတ်ငွေ ၁,၅၃၃.၅၇ သန်း အသုံးပြုပါသည်။
(၅) ဖို့ဖရမြို့နယ် အု(မ်)ဖန်မြို့နယ် ချိတ်ဆက်သည့်လမ်းကြောင်း တိုးတက်ဖွံ့ဖြိုးမှု
မဲဆောက်မြို့နယ်မှ အု(မ်)ဖန်မြို့နယ်သို့ရောက်ရန် ပုံမှန်လမ်းကြောင်း နေ့ဝက်သုံးရသည့်ခရီး ကို အချိန်လျော့ကျစေရန်နှင့် သဘာဝလမ်းကြောင်းခရီးသွားလုပ်ငန်းကို ပံ့ပိုးပေးရန်၊ မြန်မာနိုင်ငံနှင့် နယ်စပ် ကုန်သွယ်ရေးလမ်းကြောင်းပို၍တိုးတက်ဖွံ့ဖြိုးစေရန်၊ ဖို့ဖရမြို့နယ်၊ဝါးလေ့ရ်ရပ်ကွက်၊ ဝါးလေ့ရ်အပေါ်ရွာ ပတ်ဝန်း ကျင် မြန်မာနယ်စပ်အဝင်လမ်းမှ အု(မ်)ဖန်မြို့နယ်၊ နောင်ဘွားရပ်ကွက်၊ နောင်ဘွားရွာအရောက်လမ်းကြောင်း အရှည် ၂၄ ကီလိုမီတာ တိုးတက်ဖွံ့ဖြိုးစေရေးအတွက် ဘတ်ဂျက်ငွေဘတ်သန်း ၆၅၀လျာထားပါသည်။
(၆) တာက်- မဲဆောက်လမ်းကြောင်းဥမင်တူးဖော်ဖောက်လုပ်ခြင်းစီမံကိန်း(ဟိုင်းဝေးလမ်းမအမှတ် ၁၂)
တာက်- မဲဆောက်လမ်းကြောင်းဥမင်တူးဖော်ဖောက်လုပ်ခြင်းအတွက် အကောက်ခွန်ဦးစီးဌာန၊ အခြေခံတည်ဆောက်ရေးဆိုင်ရာအပိုင်း၊ တာက်ခရိုင် နယ်စပ်အထူးစီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနယ်မြေတည် ဆောက်မှုလမ်းစဉ် အကောင်အထည်ဖော်လုပ်ဆောင်ရေးအမှုအလုပ်ဆောင်အဖွဲ့အစည်းအဝေးကို တာက်ခရိုင် တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါအစည်းအဝေးတွင် တာက်ခရိုင်မြို့ဝန်မှ ဥက္ကဋ္ဌအဖြစ်ဆောင်ရွက်ပြီး တာက် ခရိုင်ဒုမြို့ဝန်မှ တာက်ခရိုင်နှင့်နှီးနွယ်ပတ်သက်သည့် ပုဂ္ဂလိကပိုင်းဆိုင်ရာအဖွဲ့နှင့်စစ်ဘက်ဆိုင်ရာကိုယ်စားလှယ် အစိုးရပိုင်းဆိုင်ရာခေါင်းဆောင်အဖြစ် ပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့ကြပါသည်။ မဲဆောက် - တာက်လမ်းကြောင်း အတွင်း ဆင်ခြေလျောလမ်း၊ မတ်စောက်သောလမ်း၊ အကွေ့အကောက်လမ်းများတွင် အရှိန်လျှော့ရန်နေရာနှင့် အချို့နေရာများတွင် တံတားတည်ဆောက်ခြင်းအပါအဝင် မီးရထားလမ်းကြောင်းနှင့် ပေါင်းဆုံသည့်ဥမင်လမ်း ကြောင်းကို အသုံးချနိုင်ရေးစသည့် ဥမင်တူးဖော်ဖောက်လုပ်ခြင်းဆိုင်ရာပူးပေါင်းအဖြေရှာဆွေးနွေးခြင်းကို တိုင်ပင်နှီးနှောခဲ့ကြပါသည်။အဆိုပါတာက်- မဲဆောက်လမ်းကြောင်းဥမင်တူးဖော်ဖောက်လုပ်ခြင်းသည် ပြည်သူ လူထု၏ အသက်အိုးအိမ် စည်းစိမ်ကို အန္တရာယ်ကင်းစေရန်၊ ယခင်က မိနစ် ၆၀ - ၉၀ အသုံးပြုရသည့် လမ်း ကြောင်းသည် မိနစ် ၃၀ - ၄၀သာလျှင် အသုံးပြုနိုင်တော့မည်ဖြစ်၍ အချိန်ကုန်သက်သာပြီး ပိုမိုအဆင်ပြေမှု လည်းဖြစ်စေရန်၊ အာစီယံအသိုက်အဝန်းဆီသို့ ဦးတည်ဝင်ရောက်ရန် အရှေ့၊အနောက်စီးပွားရေးစင်္ကြံ ( EWEC) လမ်းကြောင်းအတိုင်း ရင်းနှီးမြှုပ်နှံမှုဆိုင်ရာကုန်သွယ်ရေးပေါ်ပေါက်လာစေရန် ပံ့ပိုးကူညီပေးရန်၊နီးကပ်လာ သော အနာဂတ်ကာလမှာ ဖြစ်ပေါ်လာမည့်နယ်စပ်အထူး စီးပွားရေးတိုးတက်မှုနယ်မြေဖြစ်လာစေရန်နှင့် တာက် - မဲဆောက်မီးရထားလမ်းကြောင်းနှင့် ဥမင်လမ်းဖေါက်လုပ်ရေးတွင် ဘတ်ဂျက်ငွေဆိုင်ရာချထားရေးနှင့် အယူ အဆ၊ အသိအမြင်များကို ထောက်ပံ့ကူညီပေးရန်တို့ ဖြစ်ပါသည်။
ရေရှည်တည်တံ့ခိုင်မြဲရေးဆိုင်ရာအပိုင်းတွင် ကြိုတင်ပြင်ဆင်မှု
(၁)မြန်မာအလုပ်သမားများ မနက်လာ၊ညနေပြန်ပုံစံမျိုး အဆင်ပြေစွာဝင်ရောက်အလုပ်လုပ်ကိုင်နိုင် စေရန်အတွက် ထိုင်း - မြန်မာ ချစ်ကြည်ရေးတံတားဖြတ်သန်းနယ်မြေ နယ်စပ်စစ်ဆေးရေးဂိတ် အဖွင့်၊အပိတ် အချိန်ကို တိုးမြှင့်ရန်တောင်းဆိုထားရာ မြန်မာဘက်ခြမ်းမှလည်း ထိုသို့အချိန်တိုးမြှင့်တောင်းဆိုခြင်းကို နှစ်သက် သဘောကျခြင်းကြောင့် ထိုင်း - မြန်မာ ချစ်ကြည်ရေးတံတားဖြတ်သန်းနယ်မြေ နယ်စပ်စစ်ဆေးရေးဂိတ် အဖွင့်၊ အပိတ် အချိန်ကို မြန်မာဒေသစံတော်ချိန် ၅း၀၀- ၂၀း၀၀ (ထိုင်းစံတော်ချိန် ၀၅း၃၀ - ၂၀း၃၀) တိုးမြှင့်ဖွင့်လှစ်ရန် ရည်ရွယ်ထားပါသည်။ နိုင်ငံတော် တည်တံ့ခိုင်မြဲရေးရုံးမှလည်း အဆိုပါအချက်ကို သဘောကျနှစ်သက်မှုအမြင် ရှိပြီး ပြည်ထဲရေးဝန်ကြီးဌာနသို့ ဆက်လက်တင်ပြရာ ထိုင်းနိုင်ငံ ပြည်ထဲရေးဝန်ကြီးဌာနမှ ဗုဒ္ဓသက္ကရာဇ် ၂၅၅၈ ခုနှစ် ဇန်နဝါရီလ(၁)ရက်နေ့မှစ၍ အဆိုပါအချိန်အတိုင်း အသုံးပြုခွင့်ကြေညာချက် ထုတ်ပြန်ပေးခဲ့ပါသည်။
(၂) နယ်စပ်ဖြတ်ကျော်ခွင့်လက်မှတ်(Border Pass)ကို ကိုင်ဆောင်ထားသောမြန်မာလူမျိုးများ အတွက် တာက်ခရိုင်နယ်မြေဧရိယာအထိအရောက် ခရီးသွားလာဝင်ထွက်နိုင်စေရန် တိုးချဲ့တောင်းဆိုထားပါ သည်။ ထိုသို့ခရီးသွားလာခွင့်မြေဧရိယာတိုးချဲ့ခြင်းဆိုင်ရာအဆင်သင့်ဖြစ်စေဖို့ ၄င်းတို့နှင့်နှီးနွယ်ပတ်သက်သည့်ဌာနဆိုင်ရာအသီးသီးနှင့်ဆက်သွယ်ပြီး နယ်စပ်စစ်ဆေးရေးဂိတ်အဖွင့်၊အပိတ်သုံးသပ်ရေးဆိုင်ရာဆပ်ကော်မတီ ကို ဆက်လက်တင်ပြထားပါသည်။
(၃) တာက်ခရိုင်နယ်စပ်အထူးစီးပွားရေးနယ်မြေဧရိယာအတွင်း ရေရှည်တည်တံ့မှုရှိသည့် နည်းဗျူဟာ ကိုပူးပေါင်းသတ်မှတ်ရန်နှင့် အဆိုပါနယ်မြေဧရိယာအတွင်း တည်တံ့ခိုင်မြဲခြင်းဆိုင်ရာအခြေအနေကို ဝေဖန် သုံးသပ်အကဲဖြတ်ရန်အတွက် တာက်ခရိုင်နယ်စပ်အထူးစီးပွားရေးနယ်မြေဧရိယာအတွင်းမှာ ရေရှည်တည်တံ့ ခိုင်မြဲမှုနည်းဗျူဟာလုပ်ငန်းစဉ် သတ်မှတ်ရေးအဖွဲ့ကို တည်ထောင်ရန်နှင့် ရေရှည်တည်တံ့ခိုင်မြဲမှုဆိုင်ရာ နည်းဗျူဟာစီမံကိန်းများကို ချမှတ်လုပ်ဆောင်ရန်ဖြစ်သည်။
တာက်ခရိုင်နယ်စပ် အထူးစီးပွားရေးနယ်မြေဧရိယာအတွင်း ရင်းနှီးမြှုပ်နှံမှုဆိုင်ရာအပိုင်းများတွင် နေ့ချင်းပြီးဝန် ဆောင်မှုဗဟိုဌာန (One Stop Service :OSS ) ကိုတည်ထောင်ရန်။
ဗုဒ္ဓသက္ကရာဇ် ၂၅၅၇ခုနှစ်အတွင်း ဒုတိယအကြိမ်မြောက်ကျင်းပသည့် နိုဝင်ဘာလ(၁၇)ရက် အထူး စီးပွားရေးနယ်မြေမူဝါဒရေးရာကော်မတီအဖွဲ့အစည်းအဝေးတွင် ပုဂ္ဂလိကပိုင်းနှင့် နယ်မြေဒေသပိုင်းအုပ်ချုပ်မှု အဖွဲ့အစည်း၊ရင်းနှီးမြှုပ်နှံမှုပံ့ပိုးကူညီရေးကော်မတီအဖွဲ့(BOI)တို့ ပူးပေါင်းပြီး နယ်စပ်မြေဧရိယာ ၅နေရာအတွင်း လုပ်ငန်းဆိုင်ရာများ အဆင်သင့်ဖြစ်စေဖို့ပြင်ဆင်ရန်အတွက် “တာက်အထူးစီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနယ်မြေရုံး” ကို တည်ဆောက်ရန်အတည်ပြုခဲ့ကြပြီး ဗုဒ္ဓသက္ကရာဇ် ၂၅၅၈ခုနှစ်၊ ဇန်နဝါရီလ(၂၇)၇က်၊ အင်္ဂါနေ့တွင် တာက် ခရိုင်၊မဲဆောက်မြို့နယ်၊မဲဆောက်ရပ်ကွက်၊ အာရှလမ်းမကြီး တာက်အထူးစီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနယ်မြေ အဆောက်အဦအတွင်းဘက် စတုတ္ထထပ်(မဲဆောက်- မေရ်မြစ်ကမ်းနဖူး )တွင် ရုံးစိုက်ရန် ဆုံးဖြတ်ခဲ့ကြပါသည်။