တာက်ခရိုင် အထူးစီးပွားရေးနယ်မြေမူဝါဒလမ်းစဉ် ဖွဲ့စည်းလည်ပတ်လုပ်ဆောင်ခြင်း
တာက်ခရိုင်၊ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနယ်မြေမူဝါဒလမ်းစဉ်အဖွဲ့တည်ထောင်ခြင်းနှင့် ရှေ့အလားအလာအတွက် အရည်အသွေးရှိပြီး စွမ်းဆောင်မှုရှိသောခရိုင်နယ်မြေဖြစ်ခြင်းနှင့်အတူ နိုင်ငံတော်ငြိမ်းချမ်းရေးထိန်းသိမ်းစောင့်ရှောက်မှုအဖွဲ့နှင့် အစိုးရအထူးစီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနယ်မြေဆိုင်ရာမူဝါဒလမ်းစဉ်ဖွဲ့စည်းလည်ပတ်လုပ်ဆောင်ရန်။
တာက်ခရိုင်၊ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနယ်မြေမူဝါဒလမ်းစဉ်အဖွဲ့တည်ထောင်ခြင်းနှင့် တစ်ပြိုင်နက်တည်း နယ်မြေဒေသတွင်းရှိ နှီးနွယ်ပတ်သက်နေသည့် အစိုးရပိုင်းဆိုင်ရာများ၏ လုပ်ငန်းစဉ် ဝေဖန် သုံးသပ်မှုနှင့်ထိန်းချုပ်စောင့်ရှောက်မှုအပါအဝင် လုပ်ကိုင်ဆောင်ရွက်သည့် နယ်မြေဒေသတွင်း အပိုင်းအသီးသီး ကို လမ်းကြောင်းသတ်မှတ်ပေးရန်။
တာက်အထူးစီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနယ်မြေကို အဖက်ဖက်မှလည်ပတ်လုပ်ဆောင် မှုလမ်းကြောင်းဖြစ်စေဖို့ တွန်းအားပေးရန်။
တာက်အထူးစီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနယ်မြေကို ကဏ္ဍအသီးသီးမှလည်ပတ်လုပ်ဆောင်မှု လမ်းကြောင်းဖြစ် စေရန်အတွက် ကိုယ်စားလှယ်အဖွဲ့ (၇)ဖွဲ့ ရှိရာမှာ-
၁။မြေနေရာရှာဖွေချထားပြင်ဆင်ရေးနှင့် နယ်မြေဒေသဘောင်နယ်နိမိတ်အပိုင်း
၂။ အလုပ်သမားရေးရာနှင့် အများပြည်သူ့ကျန်းမာရေးဆိုင်ရာအပိုင်းနှင့် ရေရှည်ခိုင်ခံ့မှု
၃။ အကျိုးခံစားခွင့်ဆိုင်ရာအပိုင်း
၎။ အခြေခံတည်ဆောက်ခြင်းအပိုင်း( လမ်း၊ လျှပ်စစ်၊ ရေပိုက်လိုင်း) နှင့် အကောက်ခွန်ဌာန
၅။ လုပ်ငန်းပိုင်းဆိုင်ရာထောက်ပံ့ကူညီပေးခြင်း၊ ကျွမ်းကျင်မှုရှိစေရန်လေ့ကျင့်ပေးခြင်းနှင့် နယ်မြေ ဒေသရှိ ပြည်သူလူထုအား နားလည်မှုရှိစေရန် ဆောင်ရွက်ခြင်း
၆။သဘာဝသယံဇာတထိန်းသိမ်းရေးဆိုင်ရာအပိုင်း၊ယဉ်ကျေးမှုဓလေ့ထုံးစံနှင့် ပြည်သူ့ကျန်းမာရေးပိုင်း
၇။ မဲဆောက် - မြဝတီမြို့အကြား မောင်နှမမြို့ (Sister city) ဆက်သွယ်ရေးဗဟိုဌာန၊ နေ့ချင်းပြီး ဝန်ဆောင်မှု (One stop Service : OSS)ဗဟိုဌာနနှင့် တာက်အထူးစီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနယ်မြေရုံး စီမံခန့် ခွဲမှုဆိုင်ရာအပိုင်း

၁။ ကိုယ်စားလှယ်အဖွဲ့(၇)အဖွဲ့အလိုက် အပိုင်းကဏ္ဍအသီးသီးမှာ တာက်အထူးစီးပွားရေးဖွံ့ဖြိုးတိုးတက်မှု နယ်မြေဖွဲ့စည်းလည်ပတ်ဆောင်ရွက်ခြင်းအလုပ်အမှုဆောင်အဖွဲ့
အဆိုပါအဖွဲ့သည် အရည်အသွေးရှိပြီး စွမ်းဆောင်နိုင်မှုရှိသော ခရိုင်နယ်မြေဖြစ်စေရန် ကိုယ်စားလှယ်အဖွဲ့တစ်ဖွဲ့စီ၏အလုပ်အမှုဆောင်အဖွဲ့မှ တာက်အထူးစီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနယ်မြေဖွဲ့စည်းလည်ပတ်ဆောင်ရွက်ခြင်းဆိုင်ရာမှာ အခက်အခဲ၊ ပြဿနာများနှင့် လုပ်ငန်းစဉ်ဆိုင်ရာအောင်မြင်မှုများ ကို အတူတကွလိုက်ပါလုပ်ဆောင်ရန်၊ အပတ်စဉ် တာက်အထူးစီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနယ်မြေ မူဝါဒ ကော်မတီအဖွဲ့ အစည်းအဝေးကို ပြင်ဆင်သတ်မှတ်ရန်နှင့် အပတ်စဉ် ကော်မတီအဖွဲ့အစည်းအဝေးတွင် အကြောင်းအရာအကျဉ်းချုပ်ကို မတင်ပြမီ အလုပ်အမှုဆောင်တစ်ဖွဲ့စီအား စည်းဝေးပြင်ဆင်ဆောင်ရွက်စေရန် ဖြစ်ပါသည်။