- ဖွဲ့စည်းတည်ထောင်ဖြစ်ပေါ်လာခြင်း
ဖွဲ့စည်းတည်ထောင်ဖြစ်ပေါ်လာခြင်း
တာက်ခရိုင် အထူးစီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနယ်မြေဖွဲ့စည်းတည်ထောင်ဖြစ်ပေါ်လာခြင်း
ထိုင်းနိုင်ငံတွင် နိုင်ငံတော်ငြိမ်းချမ်းရေးထိန်းသိမ်းစောင့်ရှောက်မှုအဖွဲ့ တက်ရောက်လာပြီး နောက် နယ်စပ်ဒေသကုန်သွယ်ရေးကို အလေးထားပံ့ပိုးကူညီခဲ့ပါသည်။ နယ်စပ်ကုန်သွယ်ရေးတွင် စီးပွားရေး ပိုင်းဆိုင်ရာပေါ်လစီများကို သတ်မှတ်ရန်လမ်းညွှန်ဆောင်ရွက်ခဲ့ပါသည်။နိုင်ငံတော်ငြိမ်းချမ်းရေးထိန်းသိမ်းစောင့်ရှောက်မှုအဖွဲ့၏ ၇၂/၂၅၅၇ အမိန့်စာအရ နယ်စပ်ဒေသများတွင် ကုန်သွယ်ရေးဆိုင်ရာ ကုန်စည်စီးဆင်းမှု ကို ကူညီအားဖြည့်ပေးရန် အလားအလာကောင်းမွန်သော နယ်စပ်နယ်မြေအတွင်း အထူးစီးပွားရေးဖွံ့ဖြိုး တိုးတက်မှုနယ်မြေများ တည်ထောင်ရေးနှင့် အထူးစီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနယ်မြေဆိုင်ရာ ပေါ်လစီမူဝါဒ ကော်မတီအဖွဲ့ကိုဖွဲ့စည်းရန် ဗုဒ္ဓသက္ကရာဇ်၂၅၅၇ခုနှစ်၊ဇွန်လ (၁၉)ရက်နေ့တွင် လက်မှတ်ရေးထိုးခဲ့ကြပါသည်။ ဗုဒ္ဓသက္ကရာဇ် ၂၅၅၇ခုနှစ်၊ပထမအကြိမ် အထူးစီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနယ်မြေ မူဝါဒကော်မတီအဖွဲ့ အစည်း အဝေးတွင် အထူးစီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနယ်မြေဆိုင်ရာ ပေါ်လစီမူဝါဒကော်မတီအဖွဲ့ကိုဖွဲ့စည်းသတ်မှတ် ခဲ့ပါသည်။ဗုဒ္ဓသက္ကရာဇ် ၂၅၅၇ခုနှစ်၊ဇန်နဝါရီလ (၁၅)ရက်၊ အင်္ဂါနေ့တွင် ကျင်းပသောအစည်းအဝေးတွင် တာက်ခရိုင်၊ မဲဆောက်မြို့နယ်သည် ထိုင်းနိုင်ငံ၏ ပထမဆုံးအထူးစီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနယ်မြေအဖြစ် တည်ထောင်ရန် စွမ်းဆောင်ရည်ရှိနိုင်သည့် အလားအလာအရည်အသွေးကောင်းမွန်သော နေရာတစ်ခုအဖြစ် မြင်သည့်အတွက် ထိုင်းနိုင်ငံတွင်းပထမဆုံးအထူးစီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနယ်မြေအဖြစ် တည်ထောင်ရန် ဆုံးဖြတ်အတည်ပြုခဲ့ပါသည်။
တာက်အထူးစီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနယ်မြေအဖြစ်တည်ထောင်ရန်အတွက် ကြိုတင်ပြင်ဆင် မှုများကို ဆောင်ရွက်လျှက်ရှိရာတွင် -
၁။ အထူးစီးပွားရေးနယ်မြေဖွံ့ဖြိုးတိုးတက်မှု အသိပညာနည်းဗျူဟာစီမံကိန်းအောက်တွင် နိုင်ငံတော်စီးပွားရေး နှင့်လူမှုရေးဖွံ့ဖြိုးတိုးတက်မှုကော်မတီအဖွဲ့ရုံး၏ အသိပညာနှင့်ပေါင်းစပ်ပြီးတာက်အထူးစီးပွားရေးဖွံ့ဖြိုးတိုး တက်မှုနယ်မြေတည်ထောင်ခြင်းဆိုင်ရာမှာ လိုက်ဖက်သင့်တော်မည့်အသိပညာအတွက် စံပြစီမံကိန်းကို အကောင်အထည်ဖော်လုပ်ဆောင်လျှက်ရှိပါသည်။
၂။ဗုဒ္ဓသက္ကရာဇ် ၂၅၅၆ခုနှစ် အထူးစီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနယ်မြေတွင် ဝန်ကြီးချုပ်ရုံး စည်းမျဉ်းစည်းကမ်းများ ၏ဦးဆောင်မှုတွင် ဝန်ကြီးဌာနအသီးသီးမှ ဝန်ကြီးများ၊ ဒုဝန်ကြီးများနှင့် နယ်မြေဒေသတွင် အမြဲရှိနေသည့် ဝန်ကြီး၏ တာဝန်နှင့် အာဏာပေါင်းစပ်အသုံးပြုပြီး စွမ်းဆောင်ရည်မြင့်မားပြီး အရည်အသွေးပြည့်ဝသည့် တာက်အထူးစီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနယ်မြေတည်ထောင်ခြင်းနှင့် နှီးနွယ်ပတ်သက်သောလုပ်ငန်းစဉ်များကို လုပ်ဆောင်လျှက်ရှိနေပါသည်။
၃။ တာက်အထူးစီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနယ်မြေအဖြစ် သတ်မှတ်ထားသည့်နယ်မြေ(၃) နယ်မြေဖြစ်သည့် မဲဆောက်မြို့နယ်၊ ဖို့ဖရမြို့နယ်နှင့် မဲ့ရမတ်မြို့နယ်များမှ ပြည်သူလူထု၏ အယူအဆနှင့် အတွေးအမြင်များကို လက်ခံကြားနာပြီးနောက် ဗုဒ္ဓသက္ကရာဇ် ၂၅၅၇ခုနှစ်၊ဒုတိယအကြိမ် အထူးစီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနယ်မြေ မူဝါဒကော်မတီအဖွဲ့ အစည်းအဝေးတွင် အဆိုပါနယ်မြေ(၃)နယ်မြေကို တာက်အထူးစီးပွားရေးဖွံ့ဖြိုးတိုးတက်မှု နယ်မြေအဖြစ် ဆုံးဖြတ်ခဲ့ပါသည်။ ဗုဒ္ဓသက္ကရာဇ် ၂၅၅၇ခုနှစ်၊နိုဝင်ဘာလ (၁၇)ရက်၊တနင်္လာနေ့တွင် နယ်စပ် နယ်မြေ(၅)နယ်မြေကို အထူးစီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနယ်မြေဘောင်များအဖြစ် နှစ်သက်သဘောကျမှု အမြင် များရှိခဲ့ကြပြီး မြို့နယ်(၁၀)မြို့နယ်အတွင်းရှိ ရပ်ကွက်(၃၆)ရပ်ကွက်မှ ယာမြေ ၁.၈၃ သန်းခန့် (၂,၉၃၂ sq.km) ကို လုပ်ကိုင်ဆောင်ရွက်ရန် ရည်မှန်းခဲ့ကြပါသည်။ တာက်ခရိုင်၏သစ်တောမြေဧရိယာနယ်မြေများနှင့် နယ်စပ်နှင့်ထိစပ်နေသော ရပ်ကွက်အဆင့်တွင်းရှိနယ်မြေများကို အထူးစီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနယ်မြေ ဘောင်များအဖြစ်သတ်မှတ်ခဲ့ပြီးမဲဆောက်မြို့နယ်၊ ဖို့ဖရမြို့နယ်နှင့် မဲ့ရမတ်မြို့နယ်များအတွင်းရှိ ရပ်ကွက် (၁၄) ရပ်ကွက်မှ ယာမြေ ၈၈၆,၈၇၅(၁,၄၁၉sq.km)ကို အကောင်အထည်ဖော်လုပ်ဆောင်စေပါသည်။
၁။ မဲဆောက်မြို့နယ် ဧရိယာအတွင်းရှိ ရပ်ကွက်(၈)ရပ်ကွက်မှာ-
၁.၁။ မဲဆောက်ရပ်ကွက်
၁.၂။ မဲတောင်ရပ်ကွက်
၁.၃။ ထာ့ဆိုင်လုဝပ်(တ်)ရပ်ကွက်
၁.၄။ဖရထာ့ ဖာဒဲ(င်)ရပ်ကွက်
၁.၅။ မဲကာစာရပ်ကွက်
၁.၆။ မဲပရပ်ကွက်
၁.၇။ မဲကုရပ်ကွက်
၁.၈။ မဟာဝန်ရပ်ကွက်
မဲဆောက်မြို့နယ်အတွင်းရှိ ရပ်ကွက်(၈)ရပ်ကွက်မှ နယ်မြေအားလုံး၏ ၂၅% အဖြစ် ပိုင်ရှင်အထောက် အထားရှိသောမြေ(၃၂,၂၃၄)နှင့်ယာမြေ(၅၂၉,၂၆၄)ကိုရည်ရွယ်လုပ်ဆောင်စေပါသည်။
၂။ဖို့ဖရ မြို့နယ် ဧရိယာအတွင်းရှိ ရပ်ကွက်(၃)ရပ်ကွက်မှာ-
၂.၁။ ဖို့ဖရ ရပ်ကွက်
၂.၂။ ချောင့်ခဲ့(ပ်)ရပ်ကွက်
၂.၃။ ဝါးလေ့ရ် ရပ်ကွက်
ဖို့ဖရမြို့နယ်အတွင်းရှိ ရပ်ကွက်(၃)ရပ်ကွက်မှ နယ်မြေအားလုံး၏ ၉% အဖြစ် ပိုင်ရှင်အထောက် အထားရှိသောမြေ(၂၂,၉၇၂)နှင့်ယာမြေ(၂၆၁,၆၉၁)ကိုရည်ရွယ်လုပ်ဆောင်စေပါသည်။
၃။မဲ့ရမတ်မြို့နယ်ဧရိယာအတွင်းရှိရပ်ကွက်(၃)ရပ်ကွက်မှာ-
၃.၁။ မဲ့ဂျရောင်ရပ်ကွက်
၃.၂။ မဲ့ရမတ်ရပ်ကွက်
၃.၃။ခနေကျည်းရပ်ကွက်
မဲ့ရမတ်မြို့နယ်အတွင်းရှိ ရပ်ကွက်(၃)ရပ်ကွက်မှ နယ်မြေအားလုံး၏ ၁၈% အဖြစ် ပိုင်ရှင်အထောက် အထားရှိသောမြေ(၄၃,၅၄၈)နှင့် ယာမြေ(၂၄၄,၇၉၇)ကို ရည်ရွယ်လုပ်ဆောင်စေပါသည်။