- တာက်ခရိုင်၏ အလားအလာ
တာက်ခရိုင်၏ အလားအလာ
တာက်ခရိုင် အထူးစီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနယ်မြေအဖြစ်တည်ဆောက်ခြင်းဆိုင်ရာ တာက်ခရိုင်၏ အသင့် အနေအထားနှင့် ရှေ့အလားအလာ
၁။ တာက်အထူးစီးပွားရေးနယ်မြေအခြေခံအချက်အလက်များ
ရင်းနှီးမြှုပ်နှံခြင်းနှင့် ကုန်သွယ်စီးပွားရေးဆိုင်ရာအပိုင်းမှာ ခိုင်ခံ့မှုရှိခြင်းအပါအဝင် ပြည်သူ့ အကျိုးပြုလုပ်ငန်းများ အခြေခံတည်ဆောက်ခြင်းဆိုင်ရာအပိုင်းများတွင် သင့်တော်ကောင်းမွန်သည့် အရည် အသွေး အလားအလာရှိသောအခြေခံကောင်းများရှိသည့်ပြင် နယ်စပ်နယ်မြေဒေသလည်းဖြစ်သည့်အတွက် အထူးစီးပွားရေးနယ်မြေ၏ သွင်ပြင်လက္ခဏာရပ်များနှင့် ပြည့်စုံသင့်တော်သည့် နေရာဖြစ်သည်။ စက်မှုကုန် ထုတ်လုပ်ငန်းများ ပံ့ပိုးကူညီပေးနိုင်ခြင်း၊ စိုက်ပျိုးရေးဆိုင်ရာ စက်မှုကုန်ထုတ်လုပ်ငန်းများနှင့် ပတ်သက်သည့် အခြားသောလုပ်ငန်းများ၊ အထူးသဖြင့် စိုက်ပျိုးရေးဆိုင်ရာ စက်မှုကုန်ထုတ်လုပ်ငန်းများအတွက် သတ်မှတ်ထား သည့် နယ်စပ်နှင့်ထိစပ်နေသော နယ်စပ်စီးပွားရေးအထူးနယ်မြေ (Special Border Economic Zone) ရှိသည့် အတွက် နယ်စပ်ဒေသတိုးတက်ဖွံ့ဖြိုးရေးဆိုင်ရာလုပ်ငန်းစဉ်များ အကောင်အထည်ဖော်ဆောင်ရွက်နိုင်စေရန် လိုအပ်သည့် လက္ခဏာသွင်ပြင်များနှင့် ကိုက်ညီသည့်နေရာတစ်ခုလည်း ဖြစ်ပါသည်။ ထို့အပြင် အကောက်ခွန် ပိုင်းဆိုင်ရာဝန်ဆောင်မှုဗဟိုဦးစီးဌာနအနေဖြင့်လည်း နယ်စပ်ဒေသသွင်းကုန်၊ ထုတ်ကုန်ပိုင်းနှင့်ပတ်သက်၍ အဆင်ပြေချောမွေ့နိုင်စေဖို့ နေ့ချင်းပြီး ဝန်ဆောင်မှု ( One Stop Service ) ပုံစံများလုပ်ဆောင်မှုပေးခြင်း၊ ကုန်ပစ္စည်းသိုလှောင်ရုံများ၊ ကုန်သွယ်ရေးအဆောက်အဦများ၊ အလားတူ အခွန်မဟုတ်သောအထူးအခွင့် အရေးများဖြင့် ထောက်ပံ့ကူညီမှုပေးခြင်း၊ အထွေထွေစက်မှုကုန်ထုတ်လုပ်ငန်းဗဟိုဌာန ( General Industrial Estate)၊ ပံ့ပိုးထောက်ပံ့ပေးရေးဆိုင်ရာအပိုင်း(Logistics)တွင် ကုန်ပစ္စည်းဖြန့်ဖြူးရေးဗဟိုဌာနနှင့် ကုန်ပစ္စည်း များသိမ်းဆည်းထားရာ သိုလှောင်ရုံများကိုတည်ဆောက်ခြင်းစသည့် နယ်စပ်ဒေသတိုးတက်ဖွံ့ဖြိုးရေးအတွက် ဆောင်ရွက်နိုင်ရန် အခြေအနေကောင်းများရှိသည့်နေရာလည်းဖြစ်ပါသည်။
၂။ စီးပွားရေးစင်္ကြံလမ်း ( Economic Corridor ) အတိုင်း ကုန်းလမ်းသယ်ယူပို့ဆောင်ရေးဆိုင်ရာစနစ်
၃။ အင်ဒို ချိုင်းနား ထောက်ပံ့ကူညီချိတ်ဆက်မှု
(၁၀)ကီလိုမီတာအကွာအဝေးမှာသာရှိနေသည့် မြန်မာနိုင်ငံ၊ မြဝတီအထူးစီးပွားရေးဇုန် (Myawady Trade Zone)နှင့် ချိတ်ဆက်နိုင်သည့် မဲဆောက်မြို့နယ်ဧရိယာအတွင်းမှာ ပူပေါင်းဆက်သွယ် လုပ်ကိုင်နိုင်မည့် အပိုင်းဒေသအသီးသီးက နေရာများကို တွန်းအားပေးထောက်ပံ့ကူညီခြင်းနှင့် စီးပွားရေးကဏ္ဍ၊ စက်မှုကုန်ထုတ်လုပ်ငန်းပိုင်းရင်းနှီးမြှုပ်နှံမှု ကဏ္ဍ၊ စိုက်ပျိုးရေးကဏ္ဍနှင့် ခရီးသွားလုပ်ငန်းဆိုင်ရာကဏ္ဍများတွင် စွမ်းဆောင်နိုင်မှုရှိစေရန် ကြိုတင်ပြင်ဆင်လျှက်ရှိနေပါသည်။ အရှေ့နှင့်အနောက်စီးပွားရေးစင်္ကြံ East- West Economic Corridor (EWEC) လမ်းကြောင်းနှင့် ချိတ်ဆက်သည့် လမ်းအဆုံးမှာ တည်ရှိနေသည့်နယ်မြေဒေသ ဖြစ်ပြီး တောင်နှင့်မြောက်စီးပွားရေးစင်္ကြံ North- South Economic Corridor (NSEC) လမ်းကြောင်းနှင့်ချိတ် ဆက်သည့်လမ်းကြောင်းအကြားဖြတ်မှတ်နေရာလည်းဖြစ်ပါသည်။ကုန်သွယ်ရေးလေဆိပ်ရှိသည့်ပြင် ခရီးသည် ရောကုန်ပစ္စည်းအတွက်ပါ သယ်ယူပို့ဆောင်ရေးကို ကူညီထောက်ပံ့ပေးသည့် ကုန်းလမ်းပို့ဆောင်ရေးချိတ်ဆက် မှုများလည်းရှိသည်။ ထင်ရှားကျော်ကြားသည့် ဂေဟဗေဒအလည်အပတ်စခန်းနေရာနှင့် စိုက်ပျိုးရေးဆိုင်ရာ ထုတ်လုပ်သည့် စခန်းများလည်းရှိပါသည်။ မဲခေါင်မြစ်ဝှမ်းဒေသနိုင်ငံများဖြစ်သည့် မြန်မာ၊တရုတ်နိုင်ငံများနှင့် ဆက်သွယ်နိုင်သည့် အန်ဒါမန်စီးပွားရေးတံခါးပေါက်ဖြစ်သည့်ပြင် ဥရောပကုန်သွယ်ရေးလမ်းကြောင်းနှင့်လည်း ချိတ်ဆက်နိုင်သည်။ နယ်စပ်ဒေသကုန်သွယ်ရေးမူလတန်ဖိုးငွေ တစ်နှစ်လျှင် ဘတ်သန်းပေါင်း၄၀,၀၀၀ ခန့် ရရှိပြီး အာစီယံအသိုက်အဝန်းသို့ ဝင်ရောက်သည့်နှစ် ဗုဒ္ဓသက္ကရာဇ် ၂၅၅၈ ခုနှစ်တစ်နှစ်အတွင်းထဲမှာ နယ်စပ်ဒေသ ကုန်သွယ်ရေးမူလတန်ဖိုးငွေ ဘတ်သန်းပေါင်း ၁၀၀,၀၀၀ ကျော် တိုးတက်လာခဲ့သည်။ ထို့ပြင် မဲဆောက်မြို့နယ်အတွင်းမှာ ကုန်သွယ်ရေးပိုင်းဆိုင်ရာ၊ စက်မှုကုန်ထုတ်လုပ်ရေးဆိုင်ရာ၊ ခရီးသွားလုပ်ငန်းဆိုင် ရာ၊ကျောက်မျက်ရတနာရောင်းဝယ်ရေးဆိုင်ရာ၊ စိုက်ပျိုးရေးဆိုင်ရာအပိုင်းများတွင် ရင်းနှီးမြှုပ်နှံခြင်းကို စိတ်ဝင် စားကြသော တရုတ်၊ မလေးရှား၊ တောင်ကိုးရီးယား၊ ဗီယက်နာမ်စသည့် နိုင်ငံခြားတိုင်းပြည်များ၊ ပြည်တွင်းရှိ ရင်းနှီးမြှုပ်နှံသူများနှင့် စီးပွားရေးလုပ်ငန်းရှင်အဖွဲ့အစည်းများလည်း ရှိပါသေးသည်။ အထူးသဖြင့် တရုတ် စီးပွားရေးလုပ်ငန်းရှင်အဖွဲ့အစည်းအနေဖြင့် ရင်းနှီးမြှုပ်နှံမှုတွင် စိတ်ဝင်စားလျှက်ရှိပြီး ထိုင်းအစိုးရနှင့် ပူးပေါင်းပြီး အကြီးစားစီမံကိန်းများလုပ်ဆောင်လျှက်ရှိနေပါသည်။ ဥပမာအားဖြင့် နယ်မြေ(၂)ဒေသ လေယာဉ်ကွင်းတည် ဆောက်ရေးစီမံကိန်း၊ မဲဆောက် - တာက် အာရှလမ်းဥမင်ဖောက်လုပ်ရေးစီမံကိန်း၊ စိုက်ပျိုးရေးကဏ္ဍအသီးသီး အတွက် စက်မှုကုန်ထုတ်လုပ်ငန်း ဗဟိုဌာနစီမံကိန်းများ စသည့်လုပ်ငန်းများဖြစ်ကြပါသည်။ သို့အတွက်ကြောင့် မဲဆောက်နယ်မြေဒေသသည် မှန်ကန်သော ဥပဒေစည်းမျဉ်း စည်းကမ်းများရှင်းလင်းထင်ရှားစွာ ရှိရမှာဖြစ်ပြီး အရှုပ်အရှင်းကင်းသည့် မြေကွက်များကို အကျိုးရှိအောင် အသုံးချနိုင်သည့် နယ်မြေဒေသများအဖြစ် သတ်မှတ် ပေးထားခြင်းနှင့် မြို့ပြစီမံကိန်းဥပဒေများနှင့်အညီ တိုးတက်ဖွံ့ဖြိုးမှုနှင့် လိုက်လျောညီထွေရှိရမှာဖြစ်ပါသည်။
၎။ တာက်ခရိုင် (GPP) ထုတ်လုပ်မှုစုစုပေါင်း အချက်အလက်