ထိုင်းနိုင်ငံအတွင်း နယ်မြေဒေသတိုးတက်ဖွံ့ဖြိုးရေးအတွက် အထူးစီးပွားရေးဖွံ့ဖြိုးတိုးတက်မှု နယ်မြေအဖြစ် တည်ထောင်ဖို့ ခန့်မှန်းထားသည့်နယ်မြေဖြစ်ပြီး ထိုင်းနိုင်ငံရှိနယ်မြေဒေသများ တိုးတက်ရေး အတွက် စီးပွားရေးဆိုင်ရာပညာပေးလမ်းညွှန်မှုများကို ဆောင်ရွက်နေသည့် စီးပွားရေးပညာပေးလမ်းညွှန် ဌာနတစ်ခုလည်း ဖြစ်ပါသည်။ အမျိုးအစားမတူသောစီးပွားရေးလမ်းကြောင်းပုံစံအမျိုးမျိုးတွင် ရင်းနှီးမြှုပ်နှံမှု များအသုံးပြုလာခြင်းဖြင့်နယ်မြေဒေသအသီးသီးသို့ ဖွံ့ဖြိုးတိုးတက်မှုများ ပျံ့နှံ့သွားစေရန်နှင့် အထူးသဖြင့် ထိုင်းနိုင်ငံနှင့် နီးစပ်နေသော အိမ်နီးချင်းနိုင်ငံများနှင့် ထိုင်းနိုင်ငံဧရိယာအတွင်းရှိ ပြည်သူလူထု၏ဘဝအရည် အသွေး၊အဆင့်အတန်းမြင့်မားတိုးတက်စေဖို့အတွက် ပံ့ပိုးပေးနေသည့် အထူးစီးပွားရေးဖွံ့ဖြိုးတိုးတက်မှု နယ်မြေ တစ်ခုဖြစ်ပါသည်။
ထိုင်းနိုင်ငံအထူးစီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနယ်မြေ မျှော်မှန်းထားသည့်ခံယူချက်
ယှဉ်ပြိုင်နိုင်မှု စွမ်းအားတိုးတက်ရေး + တိုးတက်ဖွံ့ဖြိုးရေးတွင် မညီမျှမှု၊ခြားနားမှုများလျှော့ချရေး + ရေရှည် တည်တံ့ခိုင်မြဲရေးအတွက် ပံ့ပိုးပေးရေး
1. ထိုင်းနိုင်ငံ၏အထူးစီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနယ်မြေ မျှော်မှန်းထားသည့်ခံယူချက်
ထိုင်းနိုင်ငံ၊ ငြိမ်းချမ်းရေးထိန်းသိမ်းစောင့်ရှောက်မှုအဖွဲ့အနေဖြင့် နိုင်ငံတော်၏စီမံအုပ်ချုပ်ရေးဆိုင်ရာ များကို ဆောင်ရွက်သည်မှစ၍ စီးပွားရေးဆိုင်ရာတိုးတက်ဖွံ့ဖြိုးမှုများကို ထင်ရှားစွာမြင်တွေ့ရသည့်ပြင် အထူး စီးပွားရေးနယ်မြေကို တည်ထောင်နိုင်ဖို့အတွက်လည်း ရှေ့သို့တိုးဆောင်ရွက်နိုင်ရန် လမ်းညွှန်ခဲ့ပါသည်။ နိုင်ငံ တော်ငြိမ်းချမ်းရေးထိန်းသိမ်းစောင့်ရှောက်မှုအဖွဲ့၏ ၇၂ /၂၅၅၇ အမိန့်စာအရ ဗုဒ္ဓသက္ကရာဇ် ၂၅၅၇ ခုနှစ်၊ ပထမ အကြိမ် အထူးစီးပွားရေးနယ်မြေဆိုင်ရာမူဝါဒကော်မတီအဖွဲ့အစည်းအဝေးတွင် အထူးစီးပွားရေးတိုးတက်ဖွံ့ဖြိုး မှုနယ်မြေမူဝါဒကော်မတီအဖွဲ့ကို ဖွဲ့စည်းတည်ထောင်ခဲ့ပါသည်။ဗုဒ္ဓသက္ကရာဇ် ၂၅၅၇ ခုနှစ်၊ ဇန်နဝါရီလ (၁၅)ရက်တွင် နိုင်ငံတော်ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့၏ အကြီးအကဲဖြစ်သူ ဗိုလ်ချုပ်ကြီး ပရရုထ် ကျန်အိုချာမှ ဥက္ကဌအဖြစ်ဆောင်ရွက်သည့် အစည်းအဝေးတွင် နယ်စပ်ဒေသ(၅)နယ်မြေတွင် ထိုင်းနိုင်ငံ၏ ပထမဆုံး အထူးစီးပွားရေးတိုးတက်ဖွံ့ဖြိုးမှုနယ်မြေအဖြစ်တည်ဆောက်ရန်အတွက် အရည်အသွေးရှိပြီး အလား အလာကောင်းသည့်နေရာအဖြစ်မြင်ကြောင်းမိန့်ကြားခဲ့ပါသည်။ ဗုဒ္ဓသက္ကရာဇ် ၂၅၅၇ ခုနှစ်အတွင်း အာစီယံ အသိုက်အဝန်း AEC ဆီသို့ဦးတည်ခြေလှန်းရာတွင် အနာဂတ်တွင်အာမခံရှိဖို့ သင့်တော်ပြည့်စုံသော နယ်စပ် နယ်မြေ(၅)နေရာမှာ (၁) တာက်ခရိုင် မဲဆောက်မြို့နယ်၊ (၂)စရ ကဲအို့ခရိုင်၊ အရန် ပရထေ့တ်မြို့နယ်၊ (၃)တရာတ်ခရိုင် နယ်စပ်နယ်မြေ၊ (၄) မုက်ဒါဟန်ခရိုင် နယ်စပ်နယ်မြေ၊ (၅) စုန်ခလာခရိုင်၊ စဒေါင် မြို့နယ်တို့ဖြစ်ကြပါသည်။အထူးစီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနယ်မြေ မူဝါဒကော်မတီအဖွဲ့အနေဖြင့် အထူးစီးပွား ရေးဖွံ့ဖြိုးတိုးတက်မှုနယ်မြေအဖြစ် တည်ထောင်ရန်အတွက် ထောက်ပံ့အားပေးခြင်းနှင့် စံနှုန်းများကို ကြိုက်နှစ်သက်သည့် အကြောင်းအချက်(၄)ချက်မှာ - (၁) ရင်းနှီးမြှုပ်နှံမှုအတွက် အကျိုးအမြတ်၊အခွင့်အရေး ရှိခြင်း။(၂) နေရာတစ်နေရာတည်းမှာ ချိတ်ဆက်ဝန်ဆောင်မှုပေးနိုင်ခြင်း။ (၃)ရွှေ့ပြောင်းအလုပ်သမားများကို အသုံးပြုနိုင်မှုတွင် အားသာခြင်းနှင့် (၄) အဆိုပါနယ်မြေဒေသအတွင်း အကောက်ခွန်ဦးစီးဌာနနှင့် အခြေခံ တည်ဆောက်မှုများ တိုးတက်ဖွံ့ဖြိုးခြင်းတို့ဖြစ်ပါသည်။ ဤအထူးစီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနယ်မြေများသည် အလားအလာကောင်းပြီး စွမ်းဆောင်နိုင်မှုရှိသည့် နယ်စပ်နယ်မြေဒေသများဖြစ်ပြီး ဒေသတွင်းနယ်မြေများနှင့် ဆက်သွယ်ချိတ်ဆက်ခြင်းနှင့် အထူးစီးပွားရေးနယ်မြေအတွင်း စီမံလှုပ်ရှားဆောင်ရွက်ခြင်းများတွင် အထူး ထောက်ပံ့ပေးနိုင်သည့်နယ်စပ်နယ်မြေဒေသများပင်ဖြစ်ပါသည်။